အသက် မက
ချစ်ခဲ့ရသည်
ပိုမည် မထင်အံ့ ။
ရင်တွင်းဖြစ်တည်
သန္ဓေတည်၍
ရင်မှ မွေးဖွား
ချစ်စွာသော..သားအား
ရင်နှင့်ရင်း၍
ချစ်ခဲ့ရသည်
ပိုမည် မထင်အံ့ ။
မွေးစအရွယ်
လသားငယ်ငယ်
နီနီတာရဲ
သည်းဆိုင်ခဲကို
ဝါဂွမ်းတစ်မျှ
ထွေးပွေ့ယုယ
ချစ်ခဲ့ရသည်
ပိုမည် မထင်အံ့ ။
စကားတီတာ
မပီကလာအရွယ်
လူမမယ်ကလေး
အမေ..ခေါ်တေးကြောင့်
ရင်တွင်းပီတိ....တိုင်းမသိခဲ့ ။
တီးတိုးတွတ်တာ
များစွာအမေး
မမောပါ..မေဖြေပေးရင်း
အမေ့ရဲ့သား....
လူလားမြောက်လာခဲ့ပေါ့..။
အတောင်အလက်ဆုံ
မေ့ရင်အုံမှ
ဝေးရာထွက်သွား
တစ်နေ့များဖြင့်
မလွဲဧကန်
အမှန်ဖြစ်လည်း.....။
သား..အလိုရှိသမျှ
ဖန်ဆင်းခွင့်ရနိုင်ဖို့
အသွေး....အသား
အသည်းနုလုံးတွေ...ကုန်မလား
အဆုံးတကာ့..အဆုံး
အသက်ပင် ဆုံးစေ
အမြဲ..ထာဝရ
ဖြည့်စွမ်းမိချင်
မိခင်ရင်တွင်း
အစစ်မှန်ဆုံးသော...တမ်းချင်း။
coffee
No comments:
Post a Comment