ငါ ဖြတ်သန်းခဲ့တဲ့လမ်းဟာ
ဆူးခင်းလမ်း မဟုတ်သလို
ပန်းတွေလည်း ခင်းမထားခဲ့ဘူး။
အကောင်းဆုံးမဟုတ်ရင်တောင်
အဟောင်းတော့ မသုံးချင်တဲ့
ငါ့အတွက်
ဘ၀မှာ...တစ်ခါတစ်ခါ
အသက်ရှင်ရတာ
အသက်ရှူကြပ်သလိုဘဲ။
ငှက်ကလေးတွေကိုအားကျတဲ့
ငါ့အတွက်
လေယဉ်စီးပြီး..အပျော်ခရီးထွက်ဖို့လောက်တော့
အနည်းဆုံး...ကြိုးစားရလိမ့်အုံးမယ်။
coffee
No comments:
Post a Comment